[Burmese/မြန်မာ] မီတာခ ပေးဆောင်ရန် အကူအညီ လိုအပ်ပါသလား။
If you are having trouble paying your electricity and gas bills
Publisher
Australian Government
Date
Type
Topic
မီတာခနှင့် ဓါတ်ငွေ့သုံးစွဲခများ ပေးဆောင်ရန် အခက်အခဲရှိနေပါက-
- လျှပ်စစ်မီး ကုမ္ပဏီနှင့် ဆွေးနွေးပါ။ ၎င်းတို့၏ဖုန်းနံပါတ်သည် ငွေတောင်းခံလွှာတွင် ပါရှိသည်။
- မီတာခကို အချိန်မီ မပေးနိုင်ပါက အခက်အခဲပံ့ပိုးမှုအကြောင်း မေးမြန်းပါ
- အရစ်ကျပေးချေမည့် အစီစဥ်လုပ်ရန်၊ အချိန်ကာလ ပိုကြာ၍ပေးချေရန် သို့မဟုတ် ငွေပမာဏ နည်းနည်းနှင့် မှန်မှန်ပေးချေရန် တောင်းဆိုပါ
- မီး ဓါတ်ငွေ့ ဖြတ်ခြင်း၊ အတိုးပေးရခြင်းနှင့် နောက်ကျကြေးပေးရခြင်းများမှ ကာကွယ်ရန် အဆိုပါ အစီအစဥ်အတိုင်း ငွေပေးချေပါ
- အိမ်သုံးလျှပ်စစ်မီးအတွက် သို့မဟုတ် လုပ်ငန်းသုံးလျှပ်စစ်မီးအတွက် အစိုးရလျှော့ငွေ၊ ပြန်အမ်းငွေ အကူအညီများ ရနိုင် မရနိုင် မေးမြန်းပါ။
အိမ်၌ စွမ်းအင်နှင့်ငွေ ချွေတာနည်းများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်သိရှိရန် https://www.energy.gov.au/households/translations တွင်ကြည့်ရှုပါ။